တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ပြဿနာ အရင်းအမြစ်တွေဟာ မဟာလူမျိုးကြီးဝါဒကို လက်ကိုင်ကျင့်သုံး တာကြောင့်ဖြစ်တယ်လို့ ဗိုလ်ချုပ်ဆေထင် ပြော

0
338

ဒီကနေ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ပြဿနာအရင်းအမြစ်တွေဟာ မဟာလူမျိုးကြီးဝါဒကို လက်ကိုင်ကျင့်သုံးတာကြောင့်ဖြစ်တယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင်က ပြောကြားလိုက်ပါတယ်။

 

13319869_1010433569025511_6611068011774976515_n

13413603_1010434015692133_5608528474723547775_n

ဇွန်လ ၆ ရက်နေ့ လားရှိုးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းခန်းမမှာ ကျင်းပတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းခြင်း နှစ် (၂၀) ပြည့် အခမ်းအနားမှာ အဲဒီလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် SSJAC ဥက္ကဋ္ဌဖြစ်တဲ့ ခွန်ထွန်းဦးက တန်းတူရေးရဖို့အတွက် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သွားရမှာဖြစ်ကြောင်း၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း ဒါမှမဟုတ် အသစ်ရွေးဆွဲခြင်းကို မလွှဲမသွေ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ SNLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲစဉ်ကတည်းက မထောက်ခံခဲ့ကြောင်း၊ တစိုက်မတ်မတ်ဆန့်ကျင်ခဲ့ကြောင်း၊ လူမျိုးတစ်ခုနှင့်တစ်ခုအကြားမှာ နိုင်ငံရေးအသာစီးယူဖို့ မမောက်မာဖို့လိုကြောင်း ပြည်ထောင်စုတိုးတက်ရေးကိုသာ အာရုံစိုက်သွားရမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

SSJAC အတွင်းရေးမှူး စိုင်းညွန့်လွင်က ဒီကနေ့ကာလဟာ နိုင်ငံရေးတစ်ခေတ်ဆန်းသင့်ပြီ ဖြစ်ကြောင်း၊ သံသယဖြင့် ဆက်ဆံသည့်ခေတ် ကုန်ဆုံးသင့်ပြီဖြစ်ကြောင်း၊ ရန်သူကို မိတ်ဆွေဖြစ်အောင် ကြိုးပမ်းကြဖို့ လိုပြီဖြစ်ကြောင်း၊ ရှမ်းပြည်တစ်ခုတည်း ကောင်းစားရုံနဲ့ ပြည်ထောင်စုတစ်ခုလုံး မကောင်းစားနိုင်သလို ပြည်ထောင်စုတစ်ခုလုံအတွက် ပြည်နယ်များအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရ မယ်လို့ ပြောဆိုခဲ့ပါတယ်။

SSJAC အဖွဲ့ကို ၁၉၉၆ ခုနှစ်မှာ ရှမ်းပြည်အရေးအရာတွေနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို ပူပေါင်းဖြေရှင်းဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းပြည်တပ်မတော် SSA နဲ့ ရှမ်းပြည်အမျိုးသားတပ်မတော် SSNA တို့ ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)