အမျိုးသား ရင်ကြားစေ့ရေးအတွက် တစ်ဦးနှင့်တစ်ဦး အထင်အမြင် လွဲမှားစေသော ပြောဆိုရေးသားမှုများ သတိနဲ့ယှဉ် ဆောင်ရွက်ဖို့ သူရဦးရွှေမန်း ပြော

0
366

အမျိုးသားပြန်လည်သင့်မြတ်ရေး(သို့)ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးရရှိရေးနဲ့ တိုင်းပြည်ထူထောင်နေတဲ့အချိန်မှာ တစ်ဦးနဲ့တစ်ဦး အထင်လွဲမှားစေတဲ့ ကိစ္စများတွေ မဖြစ်ပေါ်စေဖို့ ပြောဆိုရေးသေားမှုတွေကို သတိနဲ့ယှဉ်ပြီး ဆောင်ရွက်ဖို့ သူရဦးရွှေမန်းက ပြောဆိုလိုက်ပါတယ်။

13332722_1719707191619535_5006385469428054277_n

ဇွန်လ ၆ ရက်နေ့က ပြုလုပ်တဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အစည်းအဝေးမှာ အဲဒီလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် အမုန်းစကားတွေကြောင့် အမုန်းပွားမှုတွေ ရန်ပြုလိုခြင်းတွေ၊ အုပ်စု/လူစုဖွဲ့ကာ တိုက်ခိုက်မှုတွေဖြစ်
ပေါ်တတ်ပြီး ပြည်သူလူထုအတွင်း စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။

ဒါတွေကို ဥပဒေနဲ့တားမြစ်ပိတ်ပင်ထားတာ မှန်ပေမယ့် ပြည်သူလူထုတွေက တကယ်လိုက်နာကျင့်သုံးမှာသာ ပိုမိုထိရောက်မယ်လို့ သူက ပြောပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)