အနာဂတ် မန္တလေးသစ်ဆီသို့ အမည်ရှိတဲ့ ကာတွန်းပြပွဲ မန္တလေးကျုံးဘေးတွင် ပြုလုပ်

0
361

အနာဂတ်မန္တလေးသစ်ဆီသို့ အမည်ရှိတဲ့ကာတွန်းပြပွဲ ဖွင့်ပွဲကို ဒီကနေ့ ဇွန်လ ၇ ရက်နေ့ နံနက်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

13393395_1769421186625807_445385921_n

13407376_1769430756624850_496898902_n

အဲဒီကာတွန်းပြပွဲမှာ စည်းကမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ထောက်ပြသရော်ထားတဲ့ ကာတွန်းပုံ ၁၅၇ ပုံကို ပြသထားပါတယ်။ အဲဒီကာတွန်းပြပွဲကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဇော်မြင့်မောင်တက်ရောက်ခဲ့ပြီး ကျူံးဘေးပတ်လည် မှာ တရက်စီပြသသွားမှာဖြစ်ပါတယ်။

“ဒီပွဲမှာပြထားတဲ့ တစ်ကွက်ကာတွန်းတွေကို ကြည့်ပြီး မန္တလေးမြို့သူမြို့သားတွေ စည်းကမ်းလိုက်နာမှုပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်” စည်ပင်မြို့တော်စည်ပင် တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း က ပြောပါတယ်။

ဒီကာတွန်းပြပွဲမှာ ကာတွန်းဆရာ ၃၅ ဦးဝင်ရောက်ရေးဆွဲပြသတာဖြစ်ပြီး ကာတွန်းဆရာအားလုံးဟာ မန္တလေးသားကာတွန်းဆရာတွေပဲဖြစ်ပါတယ်။
“ဒီကာတွန်းပြပွဲမှာ ပြသထားတဲ့ကာတွန်းတွေက မန္တလေးသူ မန္တလေးသားတွေ စည်းကမ်းရှိဖို့ ရေးဆွဲထားတာဖြစ်သလို စည်ပင်ဝန်ထမ်းတွေလည်း ၀န်ထမ်းပီသအောင် စည်ပင်နဲ့ပတ်သက်တဲ့ ကာတွန်းတွေလည်း ရေးဆွဲပြထားပါတယ်”လို့ ကာတွန်းအောင်မော်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)