သီလ၀ါရှယ်ယာတွေ မေလ (၂၀)ရက်နေ့ စတင်ရောင်းချမယ်

0
389

ရန်ကုန်စတော့အိတ်ချိန်းတွင်ရှယ်ယာရောင်းချရန်ခွင့်ပြုချက်ရရှိထားတဲ့ မြန်မာသီလ၀ါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း ပတ်ပလစ်လီမိတက် (MTSH)ရဲ့ ရှယ်ယာတွေကို လာမယ့် မေလ ၂၀ ရက်နေ့မှာစတင်ရောင်းချ ဖြစ်ပါတယ်။

Government officials gather during the opening ceremony of the Yangon Stock Exchange center in Yangon December 9, 2015. REUTERS/Soe Zeya Tun/Files

ရှယ်ယာရောင်းချခွင့်ရရှိထားတဲ့ အများပိုင်ကုမ္ပဏီ ခြောက်ခုထဲက မြန်မာသီလ၀ါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း ပတ်ပလစ်လီမိတက် (MTSH)ဟာ ဒုတိယမြောက် ရှယ်ယာရောင်းချခွင့်ရပြီဖြစ်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ပထမဆုံးရောင်းချခွင့်ရတဲ့ ကုမ္ပဏီကတော့ FMI ကုမ္ပဏီဖြစ်ပြီးတော့ ပထမ ပုဂ္ဂလိကဘဏ်၊ Great Hor Kham Public Co,.Ltd၊ Myanmar Agribusiness Public Co,.ltd၊ မြန်မာနိုင်ငံသားများ ဘဏ်တို့ရဲ့ ရှယ်ယာတွေကိုတော့ ရောင်းချခြင်း မပြုသေးပါဘူး။
စတင်ရောင်းချပြီးဖြစ်တဲ့ FMI ရှယ်ယာတွေကတော့ ဈေးကွက်ဖွင့်ဖွင့်ချင်းကာလတွေမှာ ရှယ်ယာဈေးနှုန်းတွေ ထိုးတက်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနိမ့်ဈေးတွေနဲ့သာ အရောင်းအ၀ယ်ဖြစ်နေပါတယ်။
ဒါပေမယ့် မြန်မာသီလ၀ါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း ပတ်ပလစ်လီမိတက် (MTSH) ကတော့ ဂျပန်ရင်းနှီးမြှုပ်နှံမှုပါဝင်တာကြောင့် အများပြည်သူရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)