ရှမ်းအရှေ့တွင် လက်နက်တိုက်ပေါက်ကွဲမှုဖြစ်ပွား

0
330

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ ၄ မိုင်းလားမြို့နှင့် ၂ မိုင်ကျော် တရုတ်နယ်စပ်အနီးမှာ ယနေ့ ဧပြီလ (၇)ရက် နံနက် ၇နာရီခွဲ ခန့်က လက်နက်ဂိုဒေါင်တစ်ခုပေါက်ကွဲခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ဝက်ဆိုက်စာမျက်နှာတစ်ခုဖြစ်တဲ့ MOI Webportal Myanmar က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

13173635_1726920100855785_8422327227330896615_n

လက်နက်ဂိုဒေါင်ရုံလို့သာ ဖော်ပြထားပြီး ဘယ်အဖွဲ့အစည်းပိုင်ဆိုင်တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒီပေါက်ကွဲမှုကြောင့် လက်နက်ဂိုဒေါင်ရုံအတွင်းရှိ လူ (၂)ဦး ပွဲချင်းပြီး သေဆုံးကာ လူ(၅၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လက်နက်ဂိုဒေါင်ရုံရဲ့ ကိုက်(၅၀)ခန့်အတွင်းကို ကျည်ဆန်ခွံနဲ့ အပျက်အစီးတွေ ပြန့်ကြဲနေတယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)