ဗ.က.သ ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင်တွေ (၆)လအတွင်း တာဝန်တွေ လွှဲပြောင်းပြီး အနားယူမယ်

0
304

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗ.က.သ)ရဲ့ ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင်တွေဟာ လာမယ့် (၆)လအတွင်းမှာ ရာထူးတာဝန်တွေ လွှဲပြောင်းပြီး အနားယူသွားမှာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင်တွေက ဆိုပါတယ်။

မေလ ၆ ရက်နေ့က ရန်ကုန်မြို့ ၃၆ လမ်းမှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာပြုလုပ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗ.က.သ) (ဗဟိုလုပ်ငန်းကော်မတီ) အနေနဲ့ အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံခေါ်ယူရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဗ.က.သ အဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင် နေရာတွေကို လွှဲပြောင်းနိုင်ဖို့အတွက် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံက ကျောင်းသားအများစုရွေးချယ်တဲ့ ခေါင်းဆောင်တွေကို လွှဲပြောင်းတာဝန်ပေးအပ် သွားမှာဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံကို လာမယ့် ခြောက်လအတွင်းမှာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံက ရွေးချယ်ခံရတဲ့ ကျောင်းသားကျောင်းသူတွေကို ဗ.က.သ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ပိုင်းနေရာတွေလွှဲပြောင်းပေးပြီးနောက်ပိုင်း ဗ.က.သ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် လက်ရှိချမှတ်တောင်းဆိုထားတဲ့ အချက်အလက်မူဘောင်တွေကို အကောင်ထည်ဖော်နိုင်ဖို့ ကြိုးစားသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)