နိုင်ငံခြားသံရုံးတွေ ရိုဟင်ဂျာလို့ သုံးစွဲမှု ရပ်တန့်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး

0
366

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက နိုင်ငံခြား သံရုံးတွေကို ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရခြင်း သုံးနှုန်း ဖော်ပြတာကို ရပ်တန့်ဖို့ ပြောကြားလိုက်ပါတယ်။

97160745_epa05291572-Visiting-Myanmar-Foreign-Minister-and-State-Counselor-Aung-San-Suu-Kyi-front-an-large_trans++eo_i_u9APj8RuoebjoAHt0k9u7HhRJvuo-ZLenGRumA

ဘင်္ဂလားဒေ့ရှ်ကနေ တရားမ၀င် ၀င်ရောက်လာတဲ့ မွတ်စလင်တွေကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း မသုံးဖို့နဲ့ အဲဒီ သုံးနှုန်းမှုကို ဆန့်ကျင်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ရန်ကုန်မြို့မှာရှိတဲ့ သံရုံးတွေကို အကြံပေးစာပေးပို့ခဲ့တာဖြစ်တယ်လို့ The Telegraph သတင်းစာမှာ မေလ 6 ရက်နေ့က ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဇေယျက အဲဒီလို အကြံပေးစာ ပေးပို့ခဲ့ကြောင်း အတည်ပြုပြောဆိုပြီး အဲဒီအသုံးအနှုန်းကို ဘယ်တော့မှ လက်မခံခဲ့ဘူးလို့ ပြောပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ပယ်ချခဲ့ပြီး ဘင်္ဂါလီလို့ပဲ သုံးနှုန်းခေါ်ဝေါ်ခဲ့တာပါ။
လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ ဘင်္ဂါလီ(သူတို့အခေါ်ရိုဟင်ဂျာ)တွေအနေနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးချယ်တင်မြောက်ထားတဲ့ ဒီမိုကရေစီအစိုးရအနေနဲ့ သူတို့ဘ၀ကို ဒုက္ခသည်စခန်းမှာနေတာထက် ကိုယ်ပိုင်ဌာနေကို ပြန်နိုင်ဖို့နဲ့ လွတ်လပ်စွာသွားလာနိုင်ဖို့ စတဲ့ အခြေခံလူ့အခွင့်အရေးတွေ အပါအ၀င် သူတို့ရဲ့ဘ၀ကို သက်သာရာရအောင်ဆောင်ရွက်ပေးစေချင်ကြတာပါ။
ပြီးခဲ့တဲ့ ဧပြီလက အမေရိကန်သံရုံးကနေ ရိုဟင်ဂျာဆိုတဲ့ဝေါဟာရကို သုံးနှုန်းခဲ့တဲ့အပေါ် သံဃာတော်တွေအပါအ၀င် လူပေါင်း ရာနဲ့ချီပြီး ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)