နာမည်ကြီးကေပေါ့ပ်အနုပညာရှင်များ မြန်မာသို့ လာရောက်ဖျော်ဖြေမယ်

0
346

ကိုးရီးယားနိုင်ငံမှာတင်မဟုတ်ပဲ နိုင်ငံတာကာမှာပါ အောင်မြင်မှုတွေရရှိနေတဲ့ K-POP အနုပညာရှင်တွေဟာ မြန်မာနိုင်ငံမှာ လာရောက်ဖျော်ဖြေတော့မှာဖြစ်ပါတယ်။ လာမဲ့ ဇွန်လ ၁၁ ရက်နေ့မှာ နာမည်ကြီး K-POP အနုပညာရှင်တွေဖြစ်ကြတဲ့ SISIER , MONSTA X , SO CHAN WHEE , BADKIZ , Apera စတဲ့ အနုပညာ ရှင်ပေါင်းများစွာက ရန်ကုန်မြို့ ရှင်စောပုလမ်းမှာရှိတဲ့ Myanmar Event Park မှာ လာရောက်ဖျော်ဖြေမှာ ဖြစ် ပါတယ်။

Total Entertaiment ကုမ္ပဏီရဲ့ အောက်ကအဖွဲ့တစ်ခုဖြစ်တဲ့ Tiger Fate ကနေ Inno City Love Sharing Concert ခေါင်းစဉ်နဲ့ ဒီဖျော်ဖြေပွဲကိုကျင်းပဖို့ အစီအစဉ်ရှိနေတာပါ။အခုကျင်းပမဲ့ ဖျော်ဖြေပွဲဟာ မြန်မာနိုင်ငံမှာကျင်းပခဲ့ကြဖူးတဲ့ ကေပေါ့တေးဂီတာဖျော်ဖြေပွဲတွေထက် ပိုကြီးမား မယ်လို့လည်းဆိုပါတယ်။
K-POP အနုပညာကို ကြိုက်နှစ်သက်ကြတဲ့ လူငယ်တွေအတွက်လည်း ရည်ရွယ်ကျင်းပတာ ဖြစ်ပြီး လာရောက်ကြည့်ရှုမယ့် တစ်ဦးချင်းစီက သတ်မှတ်ထားတဲ့ ရန်ပုံငွေထည့်ရမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကနေရတဲ့ ငွေတွေအားလုံးကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းကိုလှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)