စည်ပင်မြေပေါ်ကျူးကျော်ထားတဲ့ ရှန်ဂရီလာဟိုတယ် ပြန်ပြင်ပေးရမယ်

0
338

ရန်ကုန်ဆူးလေဘုရားလမ်းစည်ပင်ပလက်ဖောင်းမြေပေါ်ကို ရှမ်ဂရီလာဟိုတယ်က ခြံစည်းရိုးကို ကျူးကျော်ကာ ရံထားတဲ့အတွက် ပလက်ဖောင်းမြေနေရာ ကျဉ်းမြောင်းကာ သွားလာရခက်ခဲ တဲ့နေ ရာဖြစ်နေပြီး ယာဉ်တိုက်မှုအန္တရာယ်လည်း ကြုံတွေ့ရနိုင်တာကြောင့် အဲဒီပလက်ဖောင်းကို မူလအတိုင်းပြန်လည် ပြင်ဆင်ပေးဖို့ မြို့ခံပြည်သူများကတောင်းဆိုမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရှမ်ဂီရီလာဟိုတယ် ကတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဟိုတယ်တာဝန်ရှိသူတွေက အဲဒီပလက်ဖောင်းကို ပြန်လည်ပြင်ဆင်ပေးဖို့လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ် ဇွန်လက တည်းက သက်ဆိုင်ရာရန်ကုန်တိုင်း စည်ပင်သာယာ(လမ်း/တံတား)ဌာနကို အကြောင်းကြားစာ တင်ခဲ့ပြီး စည်ပင်ဌာန ကခွင့်ပြုမိန့် မချပေးခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ အစိုးရသစ်တက်လာပြီးတဲ့ နောက်မှာရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ (လမ်း/တံတား) ဌာန ကို သွားရောက်ဆွေးနွေးခဲ့ကြပါတယ်။

လတ်တလောအခြေမှာတော့ ကျူးကျော်နေတဲ့ ခြံစည်းရိုးဖျက်သိမ်းပြီး ပလက်ဖောင်းပြန်လည်ပြုပြင် တည်ဆောက်ဖို့ရန်ကုန်မြို့တော်စည်ပင်သာယာ(လမ်း/တံတားဌာန)ကိုခွင့်ပြုမိန့်ပြန်လည် တင်ပြရန်ပြင်ဆင်နေပြီး ရှမ်ဂရီလာဟော်တယ်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းတစုံတရာထုတ်ပြန်ဖို့မရှိဘူးလို့ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)