သမ္မတ ဦးထင်ကျော်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်မှာ ဆွေးနွေးခဲ့တဲ့အကြောင်းများ

0
332

.ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံကို ဧပြီလ ၆ ရက်ဒီကနေ့မှာရောက်ရှိခဲ့ပါတယ်။

လာအိုအမျိုးသားရုပ်မြင်သံကြားက ထုတ်လွင့်တဲ့ သတင်းမှာ သမ္မတဦးထင်ကျော် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို လာအို သမ္မတ Bounnhang Vorachit (ဘွန်ညမ် ဗိုရာချစ်) နဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။ ကြိုဆိုပွဲအခမ်းအနား ပြီးတဲ့နောက်မှာတော့ နှစ်နိုင်ငံ ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံမှု ပညာရေး ခရီးသွားလုပ်ငန်းနဲ့ သယ်ယူ ပို့ဆောင်ရေးကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးကြခဲ့ကြတယ်လို့ ဒေသခံမီဒီယာရဲ့ ဖော်ပြချက်အရသိရပါတယ်။ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ လာအိုနိုင်ငံကို တစ်ရက်တာခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ လာအိုနိုင်ငံဟာ ဒီနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားရတာဖြစ်ပြီး လာမယ့် စက်တင်ဘာလမှာ ဒေသဆိုင်ရာအဖွဲ့တွေရဲ့ ညီလာခံကို ကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)