၂၁ ရာစုပင်လုံကို ထောက်ခံကြိုဆိုတဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်

0
315

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ဒဂုံမြို့သစ် လေးမြို့နယ်မှာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ရှိနေပါတယ်။ ဒီသတင်းအပြည့်စုံကိုတော့ MCN သတင်းထောက် အောင်ဆန်းဦးက ပေးပို့ထားတာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဟာ နှစ်ပေါင်း ၆၀ နီးပါး ကြာမြင့်ခဲ့တဲ့ ပြည်တွင်းပဋိပက္ခတွေချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်တာကြောင့် ဒဂုံမြို့သစ် ၄ မြို့နယ်က 21 ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေကို လာမယ့်ဇူလိုင်လ ၈ ရက်နေ့ကစတင်ပြီး လုပ်ဆောင်သွားမယ်လို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ ရန်ကုန်မြို့ ၃၆ မှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးခန်းမှာ ပြုလုပ်တဲ့ 21 ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ကြိုဆိုထောက်ခံတဲ့ သဘောထားကြေညာချက် (၁/ ၂၀၁၆ ) သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက အခုလို ပြောဆိုလိုက်တာပါ။

အခုလို ကြိုဆိုထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ရတာဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ယုံကြည်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ တိုက်ပွဲတွေ ဆက်လက်မဖြစ်ပွားဖို့လည်း လိုလားနေကြပါတယ်။

21 ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ကြိုဆိုထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ စတင်လှုပ်ရှားမှာဖြစ်ပါတယ်။ ပြည်သူအများ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုပါဝင်လာဖိုအတွက် ဇူလိုင် ၁၉ရက် အာဇာနည်နေ့မှာ ဒဂုံမြို့သစ် လေးမြို့နယ်ပြည်သူတွေနဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ယက်တို့ပူးပေါင်းပြီး အာဇာနည်ကုန်းကို တက်ရောက် ဂါရ၀ပြုသူတွေကို ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ စတစ်ကာတွေ ဗီနိုင်းတွေ ဖြန့်ဝေသွားမှာဖြစ်ပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးညီလာခံ 21 ရာစု ပင်လုံကို လာမယ့် သြဂုတ်လ နောက်ဆုံးအပတ်မှာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)