သက်တမ်းလွန် စက်ခေါင်းတွေကြောင့် မီးရထား အချိန်မှန်ဖို့ မဖြစ်နိုင်သေးလို့ မြန်မာ့မီးရထား ပြောဆို

0
380

ရထားကို နေ့စဉ်မှီခိုသွားလာနေတဲ့ ခရီးသည် ၇ သောင်းကျော်အတွက် ရထားအချိန် ရာခိုင်နှုန်းပြည့်မှန်ကန်ဖို့အတွက် အခုထိ မလုပ်နိုင်သေးဘူးလို့ မြန်မာ့မီးရထားက ပြောဆို လိုက်ပါ တယ်။ ဒီသတင်းအပြည့်အစုံကိုတော့ MCNသတင်းထောက်နေမင်းခ က ပေးပို့ထားပါတယ်။

သက်တမ်းလွန် မီးရထားစက်ခေါင်းတွေနဲ့ ၁၉၅၀ ခုနှစ်ထဲက တည်ဆောက်ခဲ့တဲ့ အချက်ပြစနစ်တွေကို အသုံးပြုနေရဆဲဖြစ်တာကြောင့် မီးရထားအချိန်မမှန်မှုတွေ ဖြစ်ပေါ်နေရတယ်လို့ မြန်မာ့မီးရထား၊ ရန်ကုန် ဘူတာကြီး တိုင်းအမှတ်- ၇ ရန်ကုန်က အထွေထွေမန်နေဂျာ ဦးကျော်စိုးလင်း ကပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့ပတ်နဲ့ ဆင်ခြင်ဖုံးမှာ RBE တွဲဆိုင်း ၁၁ ဆိုင်း အပါအ၀င် တွဲဆိုင်းကြီး ၁၂ ဆိုင်း စုစုပေါင်း ၂၃ ဆိုင်း နဲ့ အခေါက်ရေ ၂၁၅ ခေါက် ပြေးဆွဲလျှက်ရှိနေ တာဖြစ်ပြီးတော့ နေ့စဉ် ရထားစီး ခရီးသည် ၇ သောင်း သုံးထောင်ခန့် လိုက်ပါစီနင်းနေတာပဲဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စီးခဈေးနှုန်းတွေ ပိုမိုကောက်ခံမှုနဲ့ ယာဉ်ကြောပိတ်ဆို့တာတွေကြာင့် မီးရထားစီးခရီးသည်တွေ ပိုမိုများပြားလာနေပါတယ်။ ဒါ့အပြင် မြန်မာ့မီးရထား တိုင်းအမှတ်-၇ ရန်ကုန် အနေနဲ့ မူလပြေးဆွဲပေးနေတဲ့ ၅၀ ကျပ်တန် ရိုးရိုးတန်းနဲ့ ၂၀၀ ကျပ်တန် အထူးတန်းတွေကို ပယ်ဖျက်ပြီးတော့ မိုင်နှုန်းအလိုက်ကောက်ခံတဲ့ ၀န်ဆောင်မှုမျိုးနဲ့ မြို့ပတ်ရထားတွေကို ပြေးဆွဲပေးနေတာ ပါခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)