စည်ပင်က ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦ ဖယ်ရှားပေးဖို့ ဒေသခံတွေ တောင်းဆို

0
313

အများပြည်သူပိုင်လမ်းနေရာမှာ စည်ပင်က အဆောက်အဦဆောက်လုပ်ထားတာကို သက်ဆိုင်ရာက လက်ရှိချိန်အထိ ဖယ်ရှားမပေးသေးတာကြောင့် သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက်နေပြည်သူတွေက ဇူလိုင်လ ၅ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ရက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့အကြောင်းကို MCN သတင်းထောက် အောင်ကျော်မိုးက သတင်းပေးပို့ထားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ အရှေ့ပိုင်းခရိုင်ဈေးများဌာန အဆောက် အဦ ဟာ အနော်ရထာလမ်းမြေပေါ်မှာ ဆောက်လုပ်ထားတာကြောင့် ရပ်ကွက်နေပြည်သူတွေက တရား စွဲဆို တာတွေပြုလုပ်ခဲ့ပါတယ်။
နေပြည်တော် တရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ အဲ့ဒီမြေဟာ စည်ပင်သာယာပိုင်မြေမဟုတ်ဘဲ ရပ်ကွက်လမ်းမြေလို့ ဆုံးဖြတ်ပေးခဲ့တာကို လက်ရှိချိန်အထိ အဆောက်အဦကို ဖျက်သိမ်းမပေးသေးဘူးလို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

အနော်ရထာလမ်းဟာ အကျယ် ပေ ၅၀ ရှိပြီး စည်ပင်အဆောက်အဦက အဲ့ဒီလမ်းမြေပေါ်မှာ အလျား ၁၂ ပေ အရှည်ပေ ၈၀ ယူပြီး ၂၀၁၄ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာပါ။ ရပ်ကွက်နေပြည်သူတွေအနေနဲ့ အဆောက်အအုံစတင်ဆောက်လုပ်ကတည်းက လမ်းမြေဖြစ်တဲ့အတွက် ကန့်ကွက်ခဲ့တာဖြစ်ပြီး အဲ့ဒီအဆောက် အဦကို ဖျက်သိမ်းပေးဖို့ ဆန္ဒနှစ်ကြိမ်ထုတ်ဖော်ခဲ့ပါတယ်။

အရှေ့ပိုင်းခရိုင်ဈေးများဌာန အဆောက်အဦ အနော်ရထာလမ်းမြေပေါ်မှာဆောက်လုပ်ထားတာကို ဖျက်သိမ်းပေးဖို့ ရပ်ကွက်နေပြည်သူတွေကတောင်းဆိုမူတွေပြုလုပ်တာကို သက်ဆိုင်ရာတွေက မဖြေရှင်းပေး တဲ့ အတွက် နိုင်ငံတော်သမ္မတရုံးအပါအ၀င် သက်ဆိုင်ရာတွေကို ထပ်မံ အကြောင်းကြား သွားဖို့ လည်းရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)