မက်ဆီကို အခွန်တိမ်းရှောင်မှုနဲ့ စပိန်တရားရုံးက ထောင်ဒဏ် ၂၁ လ ချမှတ်

0
326

ဘာစီလိုနာဘောလုံး အကျော်အမော် လီယွန်နယ်မက်ဆီဟာ အခွန်တိမ်းရှောင်မှု ၃ မှုနဲ့ ဇူလိုင်လ ၆ ရက်နေ့က ထောင်ဒဏ် ၂၁ လ စပိန်နိုင်ငံတရားရုံးက ချမှတ်လိုက်ပါတယ်။

ဒါ့အပြင် ဖခင်ဖြစ်သူ Jorge ကိုလည်း အဲဒီ ပြစ်မှုတွေအတွက် ထောင်ဒဏ် ၂၁ လ ချမှတ်လိုက်ပါတယ်။ အဲဒီ ပြစ်ဒဏ်အတွက် စပိန် တရားရုံးချုပ်မှာ အယူခံဝင်နိုင်တယ်လို့ တရားရုံးကပြောပါတယ်။

စပိန်ဥပဒေအရ ထောင်ဒဏ် နှစ်နှစ်အောက် ချမှတ်ခံထားရသူတွေဟာ ထောင်ထဲမှာနေရမှာမျိုးမဟုတ်ဘဲ စောင့်ကြည့်ကာလအနေနဲ့ ထောင်ပြင်ပမှာပဲ နေထိုင်ရမှာပါ။ တရားရုံးက ငွေဒဏ်အနေနဲ့ မက်ဆီကို ယူရိုငွေ ၂ သန်း ခန့်နဲ့ သူ့ဖခင်ကိုတော့ ယူရိုငွေ ၁.၅ သန်း အသီးသီး ချမှတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)