မြစ်သားမြစ် ရေကြီးရေလျှံမှုကြောင့် လူနေအိမ်တွေ ရေမျောပျက်စီးခဲ့ပြီး ဒေသခံအချို့ ပြန်လည်ထူထောင်ရေး အခက်အခဲဖြစ်နေ

0
343

ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာအုပ်စု၊ ချောင်းကျဉ်းကျေးရွာမှာ မြစ်သားမြစ် ရေကြီးရေလျှံမှုကြောင့် လူနေအိမ်တွေ ရေမျောပျက်စီးခဲ့ပြီး ဒေသခံအချို့ ပြန်လည်ထူထောင်ရေး အခက်အခဲဖြစ်နေကြပါတယ်။

ဒီသတင်းကိုတော့ MCN မုံရွာသတင်းထောက် မတင်မာဆွေက သတင်းရယူပေးထားပြီး ကေသွယ်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လကဖြစ်ပေါ်ခဲ့တဲ့ မြစ်သာမြစ် ရေကြီးရေလျှံမှုတွေကြောင့် ချောင်းကျဉ်းကျေးရွာက လူနေအိမ်တွေ ရေထဲမျှောပါခဲ့ပြီး နေအိမ်တစ်ချို့ ပြိုကြပျက်စီးခဲ့ပါတယ်။ နိုင်ငံတော်က ရေဘေးပြန်လည်ထူထောင်ရေးအတွက် ရေထဲမျောပါသွားတဲ့နေအိမ်တွေကို အသစ်ဆောက်လုပ်ပေးခဲ့ပေမယ့် ပြိုကျပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့ ကျပ်ငွေ ၂ သိန်း ၄သောင်းနဲ့ သွပ် ၁၅ ချပ်သာ ပေးခဲ့တာကြောင့် ပြန်လည်ပြုပြင်နိုင်ဖို့ အခက်အခက်တွေရှိနေတယ်လို့ ဒေသခံတွေကို ပြောပါတယ်။

ပြိုကျပျက်စီးတဲ့နေအိမ်လို့ပြောပေမယ့် ရေထဲပါမသွားရုံသာရှိပေမယ့် ပြန်လည်ပြုပြင်တည်ဆောက်တဲ့အခါ ကုန်ကျမှုစရိတ်များပြားပြီး ထောက်ပံ့ငွေနဲ့ လုံလောက်မှုမရှိတာကြောင့် ပြန်လည်မပြုပြင်နိုင်ဘဲ မိုးကာတဲတွေနဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် သစ်ချောက်အုပ်စု ချောင်းကျဉ်းကျေးရွာဟာ မြစ်သားမြစ် နဘေးမှာ တည်ရှိပြီး အိမ်ခြေ ၉၅ အိမ်ရှိနေပါတယ်။ ချောင်းကျဉ်းရွာက ရေဘေးဒုက္ခသည်တွေဟာ သူတို့တွေ့ကြုံနေရတဲ့အ ခက်အခဲတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ကူညီနိုင်ဖို့ မျှော်လင့်နေကြပါတယ်ခင်ဗျာ/ရှင်။….

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)