အဝေးပြေးယာဉ်လိုင်းတစ်ချို့ ဆက်ဆံရေးမပြေပြစ်တာနဲ့ ၀န်ဆောင်မှု ညံ့ဖျင်းမှုတွေကြောင့် ခရီးသွားပြည်သူတွေ အခက်တွေ့နေ

0
496

အဝေးပြေးယာဉ်လိုင်းတစ်ချို့ ဆက်ဆံရေးမပြေပြစ်တာနဲ့ ၀န်ဆောင်မှု ညံ့ဖျင်းမှုတွေကြောင့် ခရီးသွားပြည်သူတွေ အခက်တွေ့နေကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ပန်ကာ မှရိုက်ကူးပေးပို့ထားပြီး MCN သတင်းထောက် ချစ်လင်းဦးက တင်ဆက်ပေးသွားမှာပါ။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့က အဝေးပြေးယာဉ်ရပ်နားကွင်းက ယာဉ်လိုင်းတစ်ချို့ ပြောဆိုဆက်ဆံရေး နဲ့ ဝန်ဆောင် မှုမကောင်းတာကြောင့် ခရီသွားပြည်သူတွေ အခက်ခဲဖြစ်ပေါ်နေတာပါ။ ခရီးသည်တွေ အနေနဲ့ အဆင်မပြေမှုတွေကို လက်မှတ်ရောင်းဌာနဲ့ ကာဂိတ်တွေကို သွားတိုင်ကြား ခဲ့ပေမယ့်လည်း ထိရောက် အောင် ဖြေရှင်းပေးတာမျိုး မရှိဘူးလို့ ခရီးသည်တွေက ပြောပါတယ်။

ပြည်မြို့အဝေးပြေးယာဉ် ရပ်နားကွင်းတွေမှာ ကုန်ပစ္စည်းတွေနဲ့ ပါဆယ်ထုတ်တွေ သွားရောက် ထုတ်ယူရာမှာလည်း ပြောဆိုဆက်ဆံမှုနဲ့ ၀န်ဆောင်မှုတွေ ညံ့ဖျင်းမှုတို့ကြောင့် ကားဂိတ်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ ခရီးသွားပြည်သူတွေ မကြာခဏဆိုသလို ပြဿနာဖြစ်ပွားနေတာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီ ခရီးသွားပြည်သူတွေအနေနဲ့ ပြည်မြို့အဝေးပြေး ယာဉ်ရပ်နားကွင်းအတွင်းမှာရှိတဲ့ ခရိုင် ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီကို တိုင်ကြားကြဖို့ လိုအပ်နေတာပါ။

ပြည်မြို့အဝေးပြေးကားကြီးယာဉ်ရပ်နားကွင်းမှ ယာဉ်လိုင်းတွေအပါဝင် ပြည်ခရိုင်အတွင်းမှာ နေ့စဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၆၀ လောက်ရှိနေတာပါ။ ခရီးသွားပြည်သူတွေအနေနဲ့ သူတို့ရဲ့ အဆင်မပြေမှုတွေကို ခရိုင် ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီက စည်းကမ်းထိန်းသိမ်းဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)