ရွှေမန်းတောင်ဂေါက်ကွင်းက အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတာကြောင့် ဆန္ဒပြတောင်းဆို

0
339

ရွှေမန်းတောင်ဂေါက်ကွင်းက အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေ တာကြောင့် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ချစ်လင်းဦး တင်ဆက်ပေးထားပါတယ်။

မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ရွှေမန်းတောင်ဂေါက်ကွင်းက အထမ်းသမားတွေဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ ဆုံးရှုံးနေတာကြောင့် ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့က ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို ၂၆ လမ်း မြို့တော်ဥယျာဉ်ရှေ့မှာ စတင်ပြုလုပ်ခဲ့ တာဖြစ်ပြီး အလုပ်သမားအင်အား ၁၅၀ လောက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးစည်ပင်သာယာရေးကော်မတီက အဲဒီဂေါက်ကွင်းကို ငှားရမ်းလုပ်တဲ့နေရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် ဂေါက်ကွင်းအလုပ်သမားတွေအတွက် အာမခံချက်တွေ ကင်းမဲ့နေတာကြောင့် အခုလို ဆန္ဒပြတာဖြစ်ပါတယ်။

အခုလိုဆန္ဒပြရာမှာ အလုပ်သမားတွေအနေနဲ့ ရွှေမန်းတောင်ဂေါက်ကွင်းအလုပ်ရှင်နဲ့ ရွှေမန်းတောင်ဂေါက်ကွင်း တာဝန်ရှိသူတွေကို ဖော်ထုတ်ပေးဖို့နဲ့ သက်ဆိုင်တဲ့ ခေါင်းရှောင်နေတဲ့သူတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)