HIV/AIDS ရောဂါတိုက်ဖျက်ရေး မန္တလေးကာတွန်းဆရာတွေ ပြပွဲပြုလုပ်

0
375

မန္တလေးကာတွန်းဆရာတွေရဲ့ ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေး ပညာပေး ကာတွန်းပြပွဲကို မန္တလေးမှာပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို MCN သတင်းထောက် ရည်ဝေမွန် က တင်ဆက် ပေးထားပါတယ်။

မန္တလေးကာတွန်းဆရာတွေရဲ့ HIV/AIDS ပညာပေးကာတွန်းပြပွဲကို မန္တလေးမြို့ မဟာအောင်မြေနယ်မှာရှိတဲ့ အ.ထ.က(၈)အထက်တန်းကျေင်းမှာ ဒီကနေ့ကျင်းပပြုလုပ်ခဲ့တာပါ။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ခုခံ ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်နဲ့ အခုလိုကျောင်းတွေ မှာ ပညာပေးကျင်းပနေတာ ဖြစ်ပါတယ်။

အခုနှစ် နှစ်ဆန်းပိုင်းတုန်းကလည်း အခုလို HIV/AIDS ပညာပေးကာတွန်းပြပွဲမျိုးကို မန္တလေးမြို့က ကုသိုလ်တော် ဘုရားဝင်းအတွင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ပညာပေးပြပွဲတွေကို မန္တလေးမြို့အတွင်းက အခြားအခြေခံပညာသင်ကျောင်းတွေမှာလည်း တစ်လ တစ်ကြိမ် လှည့်လည်ပြသသွားမှာပါ။ နည်းပညာတွေတိုးတက်လာပြီး လူနေမှုပုံစံတွေပြောင်းလဲလာတဲ့ အခြေအနေမှာ ကျောင်းအခြေပြုတဲ့ ကျန်းမာရေးပညာပေးမှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)