ခြေထောက်နဲ့ဖြေပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ မနော်ဒါးခူးကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူးဂုဏ်ပြု

0
345

လက်နှစ်ဖက်မရှိဘဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့တဲ့ အသက် ၂၀ အရွယ် မနော်ဒါးခူကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးက ဇူလိုင်လ ၅ ရက်နေ့ရက်စွဲနဲု့ထုတ်ပြန်တဲ့ ပြည်သူသို့ကျေးဇူးတင်လွှာ ထုတ်ပြန်ချက်မှာ အဲဒီလို ဖော်ပြထားတာပါ။ မနော်ဒါးခူဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သုံးကြိမ်မြောက်ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး ယခု ၂၀၁၅-၁၆ ပညာသင်နှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

မွေးရာပါလက်နှစ်ဖက်မပါရှိတာကြောင့် ခြေထောက်နဲ့ စာရေးနိုင်အောင် ကြိုးစားခဲ့တဲ့အပြင် မိဘဖြစ်သူတွေမှာလည်း ဆင်းရဲနွမ်းပါးသူတွေ ဖြစ်တာကြောင့် ကျူရှင်လုံးဝမတက်ဘဲ စာမေးပွဲကိုဖြေဆိုခဲ့သူပါ။ ဒီလိုကြိုးပမ်းအားထုတ်မှုတွေဟာ မနော်ဒါးခူလို မသန်စွမ်းကလေးငယ်အတွက် အတုယူဖွယ်ရာ ပြယုဂ်တစ်ခုဖြစ်တာကြောင့် ချီးကျူးဂုဏ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။

ဒါ့အပြင် မနော်ဒါးခူလိုပဲ နိုင်ငံသူနိုင်ငံသားအနေနဲ့ နိုင်ငံ တည်ဆောက်အတွက်လိုအပ်ချက်တွေကို ကြိုးပမ်းဖြည့်ဆည်းဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)