ဖားကန့်ဒေသ မြေပြိုလူသေဆုံးမှုတွေ တားဆီးဖို့ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေ ရပ်နားဖို့ လိုအပ်

0
350

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စက်ယန္တရားတွေနဲ့ ကျောက်စိမ်းထုတ်လုပ်မှုတွေကို ရပ်တန့်သင့်ပြီလို့ ဖားကန့်ဒေသအခြေစိုက် သတင်းထောက် ကိုဇော်မိုးထက်က MCN သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ နှစ်စဉ် မြေဇာပုံပြိုကျမှုတွေကြောင့် အသက်ပေါင်းများစွာ သေဆုံးနေတာတွေကို တာဆီးနိုင်ဖို့ဆိုရင် စက်ယန္တယားတွေနဲ့ ပြင်းပြင်းထန်ထန် ကျောက်စိမ်းတူးဖော် နေတာတွေ ရပ်တန့်လိုက်သင့်ပြီလို့ ဖားကန့်ဒေသအခြေစိုက် သတင်းထောက် ကိုဇော်မိုးထက်က ပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မြေဇာပုံပြိုကျမှုက ဒီနှစ်ပိုင်းအတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့မေလမှာလည်း မြေစာပုံပြိုကျမှုအတွင်း လူအမြောက်အများသေဆုံးခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)