ယူရို ၂၀၁၆ ကို အကြမ်းဖက် တိုက်ခိုက်မယ့် ပြင်သစ်လူမျိုး တစ်ဦးကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိ

0
333

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကာလအတွင်း ပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားတဲ့ လက်နက်ခဲယမ်းအများအပြားနဲ့ ပြင်သစ်လူမျိုးတစ်ယောက်ကို ပြီးခဲ့တဲ့လက ဖမ်းဆီးမိခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောဆိုလိုက်ပါတယ်။

_89892108_0d456136-88c6-4ebb-8c30-ac71aa55e295

အသက် ၂၅ နှစ်အရွယ်ရှိ ဂရီဂိုရီ မော့တက်စ်လို့ အမည်ရတဲ့ ပြင်သစ်လူမျိုးတစ်ဦးကို ယူကရိန်းနဲ့ ပိုလန်နယ်စစ်မှာ ဖမ်းဆီးခဲ့တာပါ။

အစွန်းရောက်ဝါဒတွေ သွတ်သွင်းခံခဲ့ရတဲ့ အဲဒီလူဟာ အကြမ်းဖက်တိုက်ခိုက်မှု ၁၅ ခု လုပ်ဖို့ စီစဉ်ခဲ့တယ်လို့ ထောက်လှမ်းရေးအရာရှိ ဟာရီဆက်ခ်က ပြောပါတယ်။

သူဆီက သေနတ်တွေ၊ ဒစ္စတိုနေတာတွေနဲ့ TNT ယမ်း ၁၂၅ ကီလို ဖမ်းဆီရမိပြီး တံတားတွေ၊ ကားလမ်းတွေ၊ ဗလီနဲ့ ဘုရားကျောင်းတွေ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ သူ့ကို လက်နက်မှောင်ခိုတင်သွင်းမှု၊ အကြမ်းဖက်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)