အစိုးရသစ်လက်ထက်မှာ သတင်းထောက်တစ်ဦးကို ပထမဆုံး ထောင်ဒဏ်ချမှတ်ခဲ့

0
343

BBC ပြည်တွင်းသတင်းထောက် ကိုနေမျိုးလင်း(ခ) နေလင်းကို ပြည်သူ့ဝန်ထမ်းကို ၀တ္တရားဆောင်ရွက်ခြင်းက ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၃၂ နဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တရားရုံးက ဒီကနေ့ ဇွန်လ ၆ ရက်နေ့ရက်က အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က မန္တလေးမြို့မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ လက်ပံတန်းအကြမ်းဖက်မှုကန့်ကွက်ဆန္ဒပြပွဲအတွင်း သတင်းထောက်ကိုနေမျိုးလင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်သီးနဲ့ထိုးခဲ့တယ်လို့ဆိုပြီး ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျှောက် နာကျင်စေမှု)နဲ့ အဲဒီ ရဲတပ်ဖွဲ့ဝင်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)