ကျားကျောင်းက သံဃာ ၃ ပါးအပါအ၀င် လူပေါင်း ၂၂ ဦးကို ထိုင်းအစိုးရ တရားစွဲဆို

0
310

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်က ကျားကျောင်းကို တရားမ၀င်သားရဲတိရစ္ဆာန် ပိုင်ဆိုင်မှု၊ တရားမ၀င် တိရစ္ဆာန်ထွက်ပစ္စည်း ကုန်ကူးမှု နဲ့ လူပေါင်း ၂၂ ဦးကို တရားစွဲဆိုထားပါတယ်။

affa5802844a4d3896c9c36bb3bcaa49_18

တရားစွဲဆိုထားတဲ့ထဲမှာ ဘုန်းကြီးကျောင်းက ဆရာတော် ၃ ပါးနဲ့ ဘုန်းကြီးကျောင်း ဖောင်ဒေးရှင်းက အဖွဲ့ဝင် ၁၇ ဦး ပါဝင်ပါတယ်။
အဲဒီတရားစွဲဆိုမှုဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က အေးခဲထားတဲ့ ကျားပေါက် အသေကောင်ကို ၄၀ ကို တွေ့ရှိပြီးတဲ့နောက် ပြုလုပ်ခဲ့တာပါ။
ဘန်ကောက်မြို့အနောက်ဖက် ကန်ချနဘူရီပြည်နယ်က ကျားကျောင်းလို့ လူသိများတဲ့ ဘုန်းကြီးကျောင်းမှာ ကျားတွေ တရားမ၀င်မွေးမြူပြီး ပြီးခဲ့တဲ့ ၁၀ စုနှစ် ၂ စုကျော်က ခရီးသွားဧည့်သည်တွေဆီကနေ ၀င်ငွေတွေရရှိနေတာပါ။
ထိုင်းနိုင်ငံ သားရဲတိရစ္ဆာန်ရေးရာ ဌာနက ဘုန်းကြီးကျောင်းအတွင်းမှာ ကျားပေါင်း ၁၃၇ ကောင်ရှိပြီး ၁၁၉ ကောင်ကိုတော့ ဖယ်ရှားပြီးဖြစ်တယ်လို့ ပြောပါတယ်။
ကျောင်းအတွင်းမှာ သိုလှောင်ထားတဲ့ ကျားပေါက်အသေကောင်တွေ တရုတ်ရိုးရာ ဆေးအဖြစ် အသုံးပြုတဲ့ ကျားရိုးတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့တာပါ။
ထိုင်းနိုင်ငံဟာ ဆင်စွယ်တွေအပါအ၀င် သားရဲတိရစ္ဆာန်ထွက်ပစ္စည်း တရားမ၀င်ကုန်ကူးမှုရဲ့ အချက်အချာ နေရာတစ်ခုအဖြစ် နှစ်ပေါင်းအတန်ကြာရှိနေခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)