တိုင်းပြည် တည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်မှုရှိအောင် လုပ်ဖို့ တပ်မတော် တာဝန်ရှိတယ်လို့ ကာချုပ်ပြော

0
344

တပ်မတော်ရဲ့တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးဖြစ်ပေမယ့် ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းတွေအရ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ စည်းလုံညီညွတ်မှုရှိအောင်  လုပ်ဆောင်ဖို့ တပ်မတော်မှာတာဝန်ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

13393391_880586238735058_1463228040_n

ဒီကနေ့ ဇွန်လ ၆ ရက်နေ့က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Mr Gen NAKATANI နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရေစီစနစ်မှာ အစိုးရတစ်ခု ရဲ့အောင်မြင်မှုဟာ မူဝါဒနဲ့ အဲဒီမူဝါဒကို အကောင်အထည်ဖော်နိုင်မှုအပေါ်မှာမူတည်ပြီး ပြည်သူက အဆုံး အဖြတ်ပေးမှာဖြစ်ကြောင်း လက်ရှိမှာ နိုင်ငံတကာစံချိန်စံနှုန်းများနဲ့ကိုက်ညီပြည့်စုံတဲ့ပုံစံ မဖြစ်သေးပေးမယ့် မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ လျှောက်လှမ်းနေပြီဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

လက်ရှိလုပ်ဆောင်နေတဲ့ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေ၊ သဘာဝဘေးဒဏ်နှင့်ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ၊ လူသားချင်း စာနာထောက်ထားကူညီမှုလုပ်ငန်းတွေ၊ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအပြင် တပ်မတော် ချစ်ကြည်ရေးနဲ့ လေ့လာရေးခရီးစဉ်ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အပြန်အလှန်ဆွေးနွေး ခဲ့ကြပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)