ကန့်ဘလူက ရွှေတူးနေတဲ့ ကုမ္ပဏီသုံးခုကို ဥပဒေနဲ့မညီလို့ ၀န်ကြီးချုပ်က ပိတ်သိမ်းရန်စေခိုင်း

0
382

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇင်းထောက်တော် ဂါးဂလောကြိုးဝိုင်းအတွင်း ရွှေတူးဖော်နေတဲ့ ကုမ္ပဏီ ၃ ခုကို လုပ်ငန်းတွေအားလုံး ပိတ်သိမ်းဖို့ ဇွန်လ ၄ ရက်နေ့က တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

13382316_880586015401747_1837724638_n

13407425_880586002068415_1993420510_n

အဲဒီကုမ္ပဏီ ၃ ခုကို အခုလို  ပိတ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး MCN သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့ပြီး သတ္ထုတူးဖော်ရေး ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ကိုင်နေတာကြောင့် ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသန်းဌေးက အဲဒီလို ပြောပါတယ်။

ဒါ့အပြင် အရင်အစိုးရလက်ထက်က လုပ်ငန်းလိုင်စင်လျှောက်ထားစဉ်မှာ လျှောက်ထားသူကိုယ်တိုင် အဲဒီလုပ်ငန်းတွေကို လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် တရုတ်နိုင်ငံသားတွေ ၀င်ရောက်လုပ်ကိုင်နေပြီး သတ်မှတ်ထားတဲ့ မြေဧရိယာတွေထက် ဥပဒေမဲ့ တိုးချဲ့လုပ်ကိုင်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဦးသန်းဌေးက ပြောပါတယ်။ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ပိတ်သိမ်းဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတဲ့ ကုမ္ပဏီတွေကတော့ ထာဝရကုမ္ပဏီ၊ ရွှေပြည်သိန်းကုမ္ပဏီနဲ့ ရွှေမာတာကုမ္ပဏီတို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)