ပန်းဘဲတန်းမြို့နယ်ရှိ မတ်စ်မီးယား ရေရှူအာ ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် သတ်မှတ်

0
313

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ မတ်စ်မီးယားရေရှူအာ ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် သတ်မှတ်ပြီး ဇွန်လ ၅ ရက်နေ့က အပြာရောင်ကမ္ဗည်းပြားတပ်ဆင်လိုက်ပါတယ်။

13336051_1041227545966367_7058348023309744455_n

13343079_1041227462633042_7879244700020518980_n

13343081_1041227362633052_9185364252948896814_n

အဲဒီမတ်စ်မီးယား ရှေရှူအာ ဂျူးဘုရားကျောင်း ကို ၁၈၉၃-၉၆ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၈၅၄ ခုနှစ်မှာ ပြန်လည်အစားထိုးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက ဒီဘုရားကျောင်းဟာ ရန်ကုန်မြို့က ဂျူးလူမျိုးတွေရဲ့သမိုင်းအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့မှာ ကိုးကွယ်ရာဘာသာတရားများ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ အများအပြားရှိတဲ့အတွက် ဂုဏ်ယူစရာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဘုရားကျောင်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆမ်မီဆင်မြူရယ်ကလည်း “ ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော ဂျူးဘုရားကျောင်းမှာ အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ပေးခဲ့လို့ အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီအပြာရောင် ကမ္ဗည်းပြားဟာ ဗိသုကာအရ အရေးပါတဲ့ အဆောက်အအုံကိုဖော်ပြရုံသာမက ရန်ကုန်မြို့မှာရှိတဲ့ ဤဘုရားကျောင်းကို အစဉ်တစိုက် ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မိသားစုများနှင့် လူပုဂ္ဂိုလ်များကိုပါ အသိအမှတ်ပြုရာ ရောက်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီအပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခဲ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ အခြားဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခြင်းဖြင့် ယဉ်ကျေးမှုနဲ့မြို့ပြအမွေအနှစ်များနဲ့ အဲဒါတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းရဲ့ အရေးပါပုံတွေကို မီးမောင်းထိုးပြနိုင်ပြီး မြို့သမိုင်းကြောင်းမှာ အရေးပါခဲ့တဲ့ အဆောက်အအုံတွေနဲ့ လူပုဂ္ဂိုလ်တွေကို အထိမ်းအမှတ်ပြုရန် ရည်ရွယ်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)