ဘီဘီစီ မြန်မာသတင်းထောက် ကိုနေမျိုးလင်း အလုပ်နဲ့ထောင်ဒဏ် သုံးလချမှတ်ခံရ

0
325

ဘီဘီစီ မြန်မာသတင်းထောက် ကိုနေမျိုးလင်းအား ၀တ္တရားနှောင့်ယှက်မှုကြောင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် သုံးလချမှတ်လိုက်ပါတယ်။

13391052_1768951543339438_779031613_n

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က မန္တလေးမြို့မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ လက်ပံတန်းအကြမ်းဖက်မှုကန့်ကွက်ဆန္ဒပြပွဲအတွင်း သတင်းထောက်ကိုနေမျိုးလင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်သီးနဲ့ထိုးခဲ့တယ်လို့ဆိုပြီး ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျှောက် နာကျင်စေမှု)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို တားဆီးနေတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေ ရှုပ်ထွေးနေချိန်မှာ လဲကျသွားတဲ့ဆိုင်ကယ်တစ်စီးကို ကူညီထောင်မတ်ပေးနေတဲ့ ရဲအရာရှိကို ကိုနေမျိုးလင်းက ဆိုင်ကယ်တွန်းလှဲခဲ့တယ်လို့ စွပ်စွဲပြီး အချင်းများခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချင်းများမှုကြောင့် ရဲတပ်ဖွဲ့ဝင်ဟာ ဘယ်ဖက်မျက်ခုံးကွဲသွားခဲ့တယ်လို့ ပြောပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေအရတာဝန်ထမ်းဆောင်တာမှန်ပေမယ့် ကျောင်းသားဆန္ဒပြတာကို ဥပဒေမဲ့ ဆိုင်ကယ်ကို ဆွဲလှဲလိုက်တာ အများအမြင်ပါ။ ဒါကို မျက်ကွယ်ပြုပြီးတော့ ကျွန်တော့်ကို အခုလို ၃၃၂ နဲ့ ထောင်ဒဏ် သုံးလချတာ လုံးဝမတရားပါဘူး”လို့ ဘီဘီစီ ပြည်တွင်းသတင်းထောက် ကိုနေမျိုးလင်း(ခ)နေလင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)