ကြက်တစ်ကောင်အား ယူရို ၂၀၁၆ ပြိုင်ပွဲ ကြည့်ရှုခွင့် ယူအီးအက်ဖ်အေ ပိတ်ပင်

0
364

နှစ် ၂၀ နီးပါးကြာ ပြင်သစ်အသင်းရဲ့တရားမ၀င်လာဘ်ကောင်အဖြစ်အမည်တွင်ခဲ့တဲ့ ဘယ်လ်သဇာ အမည်ရှိတဲ့ကြက်တစ်ကောင်ကို မကြာခင်စတင်တော့မယ့် ယူရို ၂၀၁၆ ပြိုင်ပွဲကို ၀င်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

13312859_881235068669704_208552756662085012_n

ယူအီးအက်ဖ်အေက လုံခြုံရေးအကြောင်းပြချက်နဲ့ အဲဒီကြက်ကို ကွင်းအတွင်းယူဆောင်မလာဖို့ ကြက်ပိုင်ရှင်ကို စာရေးသားပေးပို့ပြီး သတိပေးခဲ့တာဖြစ်ပါတယ်။


အမာခံဘောလုံးပရိသတ်တစ်ဦးဖြစ်တဲ့ သောမတ်ဇူးစကီးဟာ ၁၉၈၂ ခုနှစ်ကတည်းက နိုင်ငံတကာပွဲပေါင်း ၂၂၀ ကျော်ကြည့်ရှုအားပေးခဲ့ပြီး သူနဲ့အတူပါလာတဲ့ ဘယ်လ်သဇာဟာ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားဆွတ်ခူးတဲ့အချိန်မှာ နာမည်ကြီးလာခဲ့ပါတယ်။


အဲဒီအချိန်ကစပြီး သောမတ်ဟာ ဘောလုံးပွဲစဉ်တိုင်းကို သူ့အချစ်တော်ကြက်ကြီးနဲ့အတူ လာရောက်အားပေးခဲ့ပါတယ်။
ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းစည်းကမ်းတွေကို စိတ်မ၀င်စားတဲ့ သောမတ်ကတော့ “ ကျွန်တော့်ကြက်က ပြင်သစ်ဘောလုံးသမိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

သူ့ကို မခေါ်သွားဘူးတဲ့ ပြိုင်ပွဲမရှိသေးဘူး”လို့ ဆိုပါတယ်။
လုံခြုံရေးအရာရှိတွေဟာ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်တွေအရ သက်ရှိတိရစ္ဆာန်တွေကို ယူရို ၂၀၁၆ ပြိုင်ပွဲကို ခေါ်ဆောင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ယူအီးအက်ဖ်အေကပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။


ဒါပေမယ့် သောမတ်ကတော့ သူ့ရဲ့ကြက်မပါဘဲ ဇွန်လ ၁၀ ရက်နေ့ ပဲရစ်မြို့မှာစတင်မယ့် ယူရိုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ပြင်သစ်-ရိုမေးနီးယားပွဲကိုသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
သူ့အနေနဲ့ ပြင်သစ်အသင်း ဗိုလ်လုပွဲစဉ်တက်ရောက်ချိန်ထိ ကြည့်ရှုနိုင်တဲ့ လက်မှတ်ဝယ်ယူထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)