မာ့ခ်ဇူကာဘတ်ရဲ့ လူမှုကွန်ရက် အကောင့်များအား ဟက်ကာတွေ ပစ်မှတ်ထား တိုက်ခိုက်နေ

0
260

ဖေ့ဘွတ်ခ်လူမှုကွန်ရက်တည်ထောင်သူ မာ့ခ်ဇူကာဘတ် ရဲ့ Instagram , Twitter , LinkedIn နဲ့ Pinterest စတဲ့ လူမှုကွန်ရက် အကောင့်တွေကို မေလ ၅ ရက် မနေ့က ဖောက်ထွင်းခံခဲ့ရပါတယ်။

_89888663_gettyimages-512251810

Twitter Follower ပေါင်း ၄ သောင်းကျော်ရှိတဲ့ Ourmine လို့ အမည်ရတဲ့ ဟက်ကာအဖွဲ့က ဟပ်ခဲ့တာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ တွစ်တာပေါ်ကနေ အဲဒီလို ဖောက်ထွင်းခဲ့တာကို ဂုဏ်ယူဝင့်ကြွားခဲ့ပြီး ဇူကာဘတ် ကိုလည်း သူတို့ကို ဆက်သွယ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဇူကာဘတ်က သူ့ရဲ့ တွစ်တာအကောင့်ကို ၂၀၁၂ ခုနှစ်ကတည်းက အသုံးမပြုခဲ့တာပါ။
တချို့ကလည်း အဲဒီ ဖြစ်စဉ်က ၂၀၁၂ ခုနှစ်က LinkedIn လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖောက်ထွင်းခံရတာနဲ့ ဆက်စပ်မှုရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။ လွန်ခဲ့တာ ၄ နှစ်ခန့်က LinkIn username နဲ့ password ပေါင်း ၁၁၇ သန်းကို ခိုးယူသွားခဲ့ပြီး အဲဒီအကောင့်တွေကို Dark Web ပေါ်မှာ ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၂၃၀၀ ခန့်ရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ လက LinkedIn က ဖော်ပြပါတယ်။ ဇူကာဘတ်ရဲ့ Insteagram အကောင့်ကိုလည်း ဖောက်ထွင်းခံခဲ့ရပြီး အဲဒီအကောင့်မှာတော့ သူ့ရဲ့ ပုံ ၃၀ နဲ့ Follower ပေါင်း ၆ သိန်းကျော် ရှိပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)