၂၁ ရာစုပင်လုံနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မူဝါဒတွေ ချမှတ်

0
357

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီအစည်းအဝေးမှာ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး မူဝါဒတွေချမှတ်ပေးခဲ့တယ်လို့ ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းကပြောဆိုလိုက်ပါတယ်။ နေပြည်တော်သတင်းထောက် ခိုင်သဇင်ဦးပေးပို့ထားပါတယ်။

ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ နေပြည်တော်မှာရှိတဲ့ Horzin Lake View Hotel မှာပြုလုပ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီအစည်းအဝေးအပြီး ညီလာခံအကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကပြောလိုက်တာပါ။

ဒါ့အပြင် သြဂုတ်လကုန်ပိုင်းမှာ ကျင်းပဖို့လျာထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံညီလာမှာ တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် မှာလက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်ဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူဝါဒချမှတ်ပေးခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၈ ) နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်လက်ကိုင် အဖွဲ့အစည်း ( ၈ )ဖွဲ့ရဲ့ PPST ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ၂၀၁၆ သြဂုတ်လ မကုန်ခင်မှာ ကျင်းပနိုင်ဖို့ကိုသဘောထားတွေ ပေးခဲ့ကြပါတယ်။
အဲ့လိုကျင်းပနိုင်ဖို့အတွက် နေပြည်တော်မှာ ညီလာခံကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ လုပ်ငန်းညှိနှိုင်းအစည်းပြုလုပ်နေတာလဲဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)