ကမ္ဘာ့အကြီးဆုံးတယ်လီစကုပ် တရုတ်နိုင်ငံမှာ ဆောက်လုပ်ပြီးစီး

0
373

တရုတ်နိုင်ငံမှာ တည်ဆောက်နေတဲ့ ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုပ် အာကာသ လေ့လာစောင့်ကြည့်ရေး အဆောက်အအုံကြီး ဇူလိုင်လ ၃ ရက်နေ့က တည်ဆောက်ပြီးစီးသွားပြီဖြစ်ပါတယ်။

FAST-Radio-Telescope

အာကာသတွင်း စူးစမ်းလေ့လာရေး အဆောက်အဦ အရွယ်အစားက ဘောလုံးကွင်း ၃၀ စာ အကျယ်အ၀န်းရှိတာပါ။
အရင်ကမ္ဘာ့အကြီးဆုံး ပူတိုရီကို ရေဒီယိုတယ်လီစကုပ်က အချင်းမီတာ ၃၀၀သာရှိပြီး တရုတ်နိုင်ငံက Fast လို့ အမည်ပေးထားတဲ့ တယ်လီစကုပ်ကတော့ အချင်းမီတာ ၅၀၀ ရှိပါတယ်။

တရုတ်နိုင်ငံက အာကာသစခန်းဆောက်လုပ်နိုင်ဖို့နဲ့ ၂၀၃၆ ကျရင် လကမ္ဘာကို လူတစ်ဦး စေလွှတ်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။
အဲဒီ အဆောက်အဦကြီးကို ၂၀၁၁ ခုနှစ်က စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)