တရုတ် သမ္မတဟောင်းရဲ့ လက်ထောက်အရာရှိဟောင်း တဦးကို ခြစားမှုနဲ့ ထောင်တသက် ချမှတ်

0
252

တရုတ် သမ္မတဟောင်း ဟူကျင်တောင်ရဲ့လက်ထောက်အရာရှိဖြစ်သူ Ling Jihua ကို အကျင့်ပျက်ခြစားမှုနဲ့ ဇူလိုင်လ ၄ ရက်နေ့က ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပါတယ်။

_84385067_84385066

သူ့ကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု၊ အာဏာ အလွဲသုံးမှုတွေနဲ့လည်း တရားစွဲဆိုထားခဲ့ပါတယ်။ သူ့ကို ဇနီးဖြစ်သူကိုယ်တိုင်က ပြစ်ဒဏ်စီရင်နိုင်ဖို့ ဗီဒီယိုတွေ ရိုက်ကူးပြီး သက်သေတွေ တင်ပြခဲ့ပါတယ်။

Ling ဟာ သမ္မတဟူကျင်တောင်လက်ထက်က ဦးစီးအရာရှိဖြစ်ခဲ့ပြီး အာဏာရှိသူတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့ရဲ့သားဖြစ်သူ ဘေဂျင်းမှာ ပြိုင်ကားမောင်းရင်း ကားတိုက်သေဆုံးခဲ့ပြီးနောက် နာမည်ပျက်ခဲ့ရပါတယ်။

သမ္မတ ရှင်ကျင်းဖျင်ရဲ့ အကျင့်ဖျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ နိုင်ငံရေးထိပ်ပိုင်း ခေါင်းဆောင်အပါအ၀င် လူပေါင်း ဒါဇင်နဲ့ချီပြီး ရာထူးက ဖြုတ်ချခဲ့သလို ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)