သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီးပါက မထသကို ဖျက်သိမ်းမယ်

0
380

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီးပါက မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(မထသ)ကို ဖျက်သိမ်းတော့မှာဖြစ်ပါတယ်။
ဒီသတင်းကို MCN သတင်းထောက် ဇေယျ သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေနဲ့ တခြားသယ်ယူပို့ဆောင်ရေးတွေမှာ အသုံးပြုနေတဲ့ ယာဉ်တွေကို စီမံမှုခန့်ခွဲမှုပုံစံပြောင်းလဲသွားဖို့ရှိနေတာကြောင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းသွားဖို့ရှိနေပါတယ်။ အဲဒီသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အနေနဲ့ မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကား ယာဉ်လိုင်းတွေအပြင်၊ အနှေးယာဉ်၊ တက္ကစီ၊ Water Way နဲ့ မြို့ပတ်ရထား စနစ်တွေကို စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် မထသအဖွဲ့ကို ဖျက်သိမ်းပြီးရင် မထသအဖွဲ့က လက်ရှိဝန်ထမ်းတွေကို သယ်ယူပို့ ဆောင်ရေးအာဏာ ပိုင်အဖွဲ့အစည်းက ဌာနတွေမှာ ပြန်လည်ခန့်အပ်တာဝန်ပေးသွားမှာဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကားယာဉ်လိုင်းတွေကို အများပိုင်စနစ်နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိ ဘတ်စ်ကားယာဉ်လိုင်း အရေအတွက်ကိုလည်း လျော့ချသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)