လက်ရှိ ကျောင်းသားခေါင်းဆောင်တွေကို ယုံကြည်မှုတစ်ခုနဲ့ အသေခံနိုင်တယ်ဆိုမှ ကြွားဝါတဲ့ အလုပ်တွေလုပ်ဖို့ သတိပေး

0
344

လက်ရှိ ကျောင်းသားခေါင်းဆောင်တွေကို ယုံကြည်မှုတစ်ခုနဲ့ အသေခံနိုင်တယ်ဆိုမှ ကြွားဝါတဲ့ အလုပ်တွေလုပ်ဖို့ ၁၉၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေက သတိပေးပြောဆို လိုက်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ MCN သတင်းထောက် နေမင်းခ ပေးပို့ထားပါတယ်။

လက်ရှိ နိုင်ငံရေးနယ်ပယ်အသီးသီးမှာ လှုပ်ရှားနေတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို ၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးလှရွှေက အခုလို သတိပေးပြောဆိုလိုက်တာပါ။

လက်ရှိ ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ အစိုးရရဲ့ မူဝါဒတွေအပေါ်မှာ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကို ပြောင်းလဲစရာ မလိုဘူးလို့ ဦးလှရွှေက ပြောပါတယ်။

အင်တာဗျူး ဦးလှရွှေ (ကျောင်းသားခေါင်းဆောင်ဟောင်း )၁၉၆၂ ကျောင်းသားအရေးတော်ပုံ
အာဏာသိမ်း တော်လှန်ရေးကောင်စီအစိုးရက ကျောင်းစည်းကမ်းသစ်တွေ ထုတ်ပြန်ခဲ့တာကြောင့် ကျောင်းသားနဲ့ အစိုးရအကြား တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီး အစိုးရက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ညနေ လေးနာရီကျော်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ဖြိုခွင်းမှုမှာ ကျောင်းသား(၂၀၀) နီးပါးခန့် သေဆုံးခဲ့ပြီးကျောင်းသား (၄၀၀) ခန့်ဒဏ်ရာ ရရှိခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)