ကျောင်းသားသမဂ္ဂအများစု ပါဝင်ခြင်းမရှိဘဲ ကျင်းပတဲ့ ဘယ်ညီလာခံကိုမဆို ကန့်ကွက်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်

0
467

ကျောင်းသားသမဂ္ဂအများစုပါဝင်ခြင်းမရှိဘဲ ကျင်းပတဲ့ ဘယ်ညီလာခံကိုမဆို ကန့်ကွက်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ပဲခူးမြို့ ပန်းပျိုး လက်ဘုန်းတော်ကြီးသင်ပညာဒါနကျောင်းမှာ ကျင်းပတဲ့ တက္ကသိုလ်များသမဂ္ဂများ နှီးနှောဖလှယ်ပွဲအပြီး အဲဒီလို ထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် ကျောင်းသားထုညီလာခံကျင်းပနိုင်ရေးအတွက် အကြိုအစည်းအဝေးကိုလည်း လာမယ့် နိုဝင်ဘာလအတွင်း ပြုလုပ်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောင်းသား ထုညီလာခံဖော်ဆောင်ရေးအတွက် ကျောင်းသားထုကြားမှာ သွေးကွဲစေနိုင်တဲ့ ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကျောင်းအာဏာ ပိုင်တွေကိုလည်း တိုက်တွန်းကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)