နိုင်ငံခြားခရီးသွားတွေကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ဖို့ ဒုသမ္မတ ဦးမြင့်ဆွေ မှာကြား

0
320

မြန်မာနိုင်ငံကို ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ငါးသန်းကျော်ဝင်ရောက်ဖို့ ရည်မှန်းထားပြီး အဲဒီနိုင်ငံခြားသားတွေကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ဖို့ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြား လိုက်ပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ နိုင်ငံတော် သမ္မတရုံးအစည်းအဝေးခန်းမမှာကျင်းပတဲ့ နိုင်ငံခြား သားများကြီးကြပ်စောင့်ရှောက်ရေးဗဟိုကော်မတီ အစည်းအဝေးမှာ အဲဒီလိုပြောကြားလိုက်တာပါ။ ခရီးသွား လုပ်ငန်းကို မြှင့်တင်ရမှာဖြစ်သလို တစ်ဖက်မှာလည်း လုံခြုံရေးကို အထူးဂရုစိုက်ပြီး Black List တွေကို သေချာစိစစ်ဖို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသက စစ်ဆေးရေးစခန်းတွေမှာ စစ်ဆေးရေး ကိရိယာတွေ ပြည့်စုံလုံလောက်စွာထားဖို့နဲ့ နိုင်ငံခြားသားတွေကို လုံခြုံရေးနဲ့လိုအပ်တွေကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်သလို နှောင့်ယှက်ဖျက်ဆီးမယ့်သူတွေကိုလည်း သေသေ ချာချာစိစစ်ဖို့ မှာကြားခဲ့တာပါ။ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၄၆ သိန်းကျော်ဝင် ရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)