ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီတွေ့ဆုံ

0
333

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီတို့ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် Horizon Lake ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

13608297_267263886979243_1663805700_n

13617466_267263860312579_1917376767_n

13625052_267263870312578_2006038359_n

ဒီအစည်းအဝေးမှာ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေတွေနဲ့ ဆက်လက်လုပ်ဆောင်မယ့်အစီအစဉ်တွေကို တင်ပြခဲ့ပါတယ်။

ဒါ့အပြင် အကြိုပြင်ဆင်ရေးဆပ်ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေတွေနဲ့ ဆက်လက်လုပ်ဆောင်မယ့်အခြေအနေတွေကို တင်ပြခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တင်ပြချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လိုအပ်တဲ့ မူဝါဒလမ်းညွှန်မှုများကို ချမှတ်ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)