ယာဉ်ကြောပိတ်ဆို့တာတွေကိုဖြေရှင်းနိုင်ဖို့အတွက် သန်လျင်မြို့တွင်းက ခရီးသည်တင်ယာဉ်ရပ်နားတဲ့ မှတ်တိုင်အချို့ကို နေရာပြောင်းရွှေ့

0
300

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မှာ ယာဉ်ကြောပိတ်ဆို့တာတွေကိုဖြေရှင်းနိုင်ဖို့အတွက် သန်လျင်မြို့တွင်းက ခရီးသည်တင်ယာဉ်ရပ်နားတဲ့မှတ်တိုင်အချို့ကိုနေရာပြောင်းရွှေ့ပြီး ဆောင်ရွက်သွား ဖို့ရှိနေပါတယ်၊

thanlyin_bridge

သန်လျင်မြို့တွင်းက မီးပွိုင့်မှတ်တိုင်၊ ဈေးမှတ်တိုင်၊ အောင်ချမ်းသာမှတ်တိုင်နဲ့ ဘုရားကုန်း မှတ်တိုင် တွေကို နေရာပြောင်းရွှေ့သွားမှာ ဖြစ်တယ်လို့ သန်လျင်မြိုနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးအောင်နိုင်ထွန်းက ပြောပါတယ်။

ဒီလိုပြောင်းရွှေ့မှုတွေကို မက်စ်မြန်မာကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလက တည်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)