ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးစတင်မယ့်ရက် ကြေညာ

0
287

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေကို လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့မှာ ပြန်လည်စတင်မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌတွေက ကြေညာလိုက်ပါတယ်။

myanmar-parliament

ဒုတိယအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွေကို ကျင်းပဖို့ ခေါ်ယူလိုက်တာဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ သက်ဆိုင်ရာ လွှတ်တော်ရုံးတွေကို ဇူလိုင်လ ၂၄ ရက်နေ့ထက် နောက်မကျဘဲ သတင်းပေးပို့ကြဖို့ နှိုး ဆော်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ဒုတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွေကို ရပ်နားခဲ့ပြီး ၄၅ ရက်အကြာမှာ အခုလို ဒုတိယ အကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွေကို ပြန်လည် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)