ရခိုင်လူမျိုးဟုသာ သုံးစွဲဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရက သဘောထားထုတ်ပြန်

0
280

ရခိုင်လူမျိုးဟုသာ သုံးစွဲဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒီထုတ်ပြန်ချက်မှာ ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကိုး ကွယ်သူ ဒေသခံတိုင်း ရင်းသား များဆိုတဲ့ အသုံးအနှုန်းကို လုံးဝသုံးစွဲမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင် တိုင်းရင်းသားတွေဟာ ရခိုင်တိုင်းရင်းသားတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က ရခိုင် ပြည်နယ် သံတွဲမြို့မှာ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာကိုးကွယ်သူများလို့ ဆိုတာကို လုံးဝလက်မခံကြောင်း ဒေသခံ တွေက ဆန္ဒထုတ်ဖော်မှုပြုလုပ်ပြီး နောက်တစ်ရက်မှာ အခုလို ပြည်နယ်အစိုးရက သဘောထား ထုတ်ပြန်လာ တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)