မဟနရှိတဲ့ အတွက် မဘသ မလိုအပ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ပြော

0
341

မဟာသံဃနာယက ရှိနေတဲ့အတွက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဆိုတာ မလို အပ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ လေ့ လာရေးခရီးရောက်ရှိနေတဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းဟာ စင်ကာပူရောက် မြန်မာတွေနဲ့ တွေ့ဆုံတဲ့ အခမ်း အနားမှာ အဲဒီလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံချစ်ကြည်စွာ အတူတ ကွနေထိုင်ခဲ့ပြီး ရန်ကုန်မြို့ရဲ့အထင်ကရနေရာဖြစ်တဲ့ ဆူးလေစေတီတော်အနီးအနားဝန်းကျင်မှာပင် အစ္စလာမ်ဘာသာဝင်များရဲ့ ၀တ်ပြုဆုတောင်းရာ ဗလီတည်ရှိသလို ခရစ္စယာန်ဘာသာဝင်တွေ ၀တ်ပြု ဆုတောင်းရာ ဘုရားကျောင်းတွေလည်း တည်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ စင်ကာပူဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စင်ကာပူကို လာရောက်လည်ပတ်လေ့လာဖို့ ဖိတ်ကြားခဲ့ တာ ကြောင့် စင်ကာပူနိုင်ငံသို့ ဇူလိုင်လ ၃ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပြီး သူနဲ့အတူ ၀န်ကြီး ၆ ယောက်လည်း လိုက်ပါသွားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)