သက်တမ်းကုန်ခါနီးဆေးဝါးတွေ ရောင်းချနိုင်ရန် သက်ဆိုင်ရာခွင့်ပြချုက်ရှိရန်လို

0
346

သက်တမ်းကုန်ခါနီးဆေးဝါးတွေဟာ သက်ဆိုင်ရာကို သက်တမ်းတိုးခွင့် တောင်းခံထားတာဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ ရောင်းချခွင့်ရရှိနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆေးနဲ့ ဆေးပစ္စည်းကုန်သည်များနဲ့ လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ဒီအကြောင်းအပြည်အစုံကို MCN သတင်းထောက် ကေသွယ်က သတင်းပေးပို့ထားပါတယ်။

သက်တမ်းကုန်ခါနီးဆေးဝါးတွေကို ဈေးကွက်အတွင်းမှာ ဆက်လက်ရောင်းချနိုင်ဖို့ လက်ရှိသက်တမ်းတိုးနေတဲ့ ဆေးပစ္စည်းတွေဖြစ်ရန် လိုအပ်တယ်လို့ မြန်မာနိုင်ငံဆေးနှင့်ဆေးဝါး ပစ္စည်းကုန် သည်များနှင့်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက ပြောဆိုလိုက်ပါတယ်။

ဇူလိုင်လ ၄ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံဆေးနှင့်ဆေးဝါး ပစ္စည်းကုန် သည်များနှင့်လုပ်ငန်းရှင်များအသင်းရဲ့ အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေးအပြီးမှာ ဒေါက်တာဝင်းစည်သူက အခုလို ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းပြီး အကျိုးသက်ရောက်မှုရှိစေတဲ့ ဆေးဝါးတွေကို အများပြည်သူ သုံးစွဲနိုင်ဖို့ရည်ရွယ်တဲ့အပြင် ဆေးနဲ့ဆေးပစ္စည်းဝယ်ယူရောင်းချတဲ့ အခါမှာလည်း နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့နဲ့ ခေတ်မှီကုန်သွယ်မှု နည်းစနစ်တွေကို အသုံးပြုနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေ မြန်မာနိုင်ငံဆေးနှင့်ဆေးဝါး ပစ္စည်းကုန် သည်များနှင့်လုပ်ငန်းရှင်များအသင်းအနေနဲ့ ဆောင်ရွက်နေတာလဲဖြစ်ပါတယ် ။

လက်ရှိမှာ အသင်းအနေနဲ့ ပြည်တွင်းက ဆေးဝါးနဲ့ ဆေးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေမှာ ကုန်ကြမ်းပစ္စည်းတွေရရှိဖို့ လုပ်ဆောင်သွားဖို့ရှိနေသလို တိုင်းရင်းသားပိုင်ကုမ္ပဏီတွေအနနဲ့လည်း ပြည်တွင်း ပြည်ပကို ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ တင်ပို့နိုင်ရန်အတွက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)