ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းဖို့ တိုင်းဒေသကြီးအစိုးရ သတင်းစာရှင်းလင်း

0
330

ရန်ကုန်-သန်လျှင် အမှတ် ၁ တံတားယာဉ်ကြောပိတ်ဆို့တာတွေကိုဖြေရှင်းဖို့ တိုင်းဒေသကြီးအစိုးရကလုပ်ဆောင်မယ့် အချက်တွေကိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို MCN သတင်းထောက် အောင်ကျော်မိုးက တင်ဆက်ပေးထားပါတယ်။

သန်လျှင်-ရန်ကုန် အမှတ် ၁ တံတားယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးရွားစွာ ဖြစ်ပ်ါနေတဲ့ နေရာမှာတံတားချဉ်းကပ်လမ်းပိုင်းတွေ ပျက်စီးနေတာတွေက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
တံတားချဉ်းကပ်လမ်းပိုင်းတွေ ပျက်စီးနေတာတွေဟာတစ်လနီးပါးရှိနေတာဖြစ်ပြီး လမ်းတံတားကြေးလေလံအောင်ထားသူတွေနဲ့ မြန်မာမီးရထားက လမ်းပိုင်းပြုပြင်ပေးဖို့တာဝန်ရှိနေတာဖြစ်ပါတယ်။

သန်လျင်တံတားလေလံအောင်ထားတဲ့ ကုမ္ပဏီက တာဝန်ရှိသူက လမ်းပြင်ဆင်ဖို့အတွက် ရှိနေတဲ့အခက်အခဲတွေနဲ့ လက်ရှိဆောင်ရွက်နေတာတွေကိုအခုလိုပြောပါတယ်။

မြန်မာ့မီးရထားက တာဝန်ရှိသူတွေကတော့ လမ်းပိုင်းပိတ်ဆို့မူတွေကို ရေတိုဖြေရှင်းဆောင်ရွက်သွားဖို့အတွက်တံတားပေါ်ဖြတ်သန်းနေတဲ့ မော်တော်ယာဉ်တွေရဲ့ သွားလာတဲ့ မိုင်နှုန်းတွေ နဲ့အရေအတွက်ကို စစ်တမ်းကောက်ယူတာတွေကိုပြုလုပ်သွားဖို့လိုအပ်တယ်လို့ပြောပါတယ်။

ဒီလိုယာဉ်ကြောပိတ်ဆို့မူတွေ ဖြေရှင်းနိုင်ဖို့အတွက် ဇွန်လ ၆ ရက်နေ့က တာဝန်ရှိသူတွေ ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဆောင်ရွက်စရာတွေကို ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကအချက်အလက်တွေထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ကသန်လျှင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေကအမြန်ဆုံးဆောင်ရွက်ရမယ့်အချက်တွေအဖြစ် သာကေတဘက်က ပျက်စီးနေတဲ့ လမ်းပိုင်းတွေကိုတာဝန်ရှိတဲ့ ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီက ပြုပြင်ပေးဖို့ အပါအ၀င်မြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်ကိုသန်လျှင်ဘက်ခြမ်းကိုပြောင်းရွှေ့ပေးဖို့နဲ့ တခြားအချက် ၁၃ ချက်ကိုသက်ဆိုင်ရာတွေအနေနဲ့ ဆောင်ရွက်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကထုပ်ပြန်ထားပါတယ်ဆိုတာကိုရှင်းလင်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)