အုပ်ချုပ်ရေးမှူး အကွက်ရိုက် ရောင်းထားတဲ့ စားကျက်မြေ ပြန်ရဖို့ ဒေသခံတွေ ဆန္ဒပြတောင်းဆို

0
365

အုပ်ချုပ်ရေးမှူးက အကွက်ရိုက် ရောင်းချထားတဲ့ ကျွဲ၊နွား စားကျက်မြေ ဧက ၄၀ နီးပါး ပြန်လည်ရရှိရေး ပဲခူးတိုင်းဒေသကြီးအတွင်းက တောင်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီသတင်းအပြည့်စုံကိုတော့ MCN သတင်းထောက် မောင်ပန်ကာ ပေးပို့ထား တာဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် အနောက်လက်ခုပ်ပင်အုပ်စု အနောက်လက်ခုပ်ပင်ကျေးရွာနဲ့ ဇရစ် ချောင်ကျေးရွာ အကြားက မြေဧက 40 နီးပါးရှိတဲ့ ကျွဲနွားစားကျက်မြေတွေကို ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးက မြေကွက်ရိုက် ရောင်းချခဲ့တာပါ။
အဲဒီအများပိုင် စားကျက်မြေ ပြန်လည်ရရှိအတွက် ဒေသခံတောင်သူ 30 ကျော်က ဇူလိုင်-၃ ရက်နေ့ မနက် ပိုင်းမှာ အနောက်လက်ခုပ်ပင်ကျေးရွာအတွင်းမှ စတင်ပြီး ရောင်းချထားတဲ့ ကျွဲနွား စားကျက်မြေနေရာအထိ လမ်းရှောက် ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

အနောက်လက်ခုပ်ပင်အုပ်စု အုပ်ချုပ်ရေးမှူးထံက မြေကွက်ဝယ်ယူထား သူတွေအနေနဲ့ စားကျက်မြေ ပေါ်မှာ ကျောက်တိုင်အမှတ် အသားတွေ လာရောက်စိုက်ထူခဲ့တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွဲနွားစားကျက်မြေတွေကို အနောက်လက်ခုပ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပေ၆၀၊ ပေ၄၀အကျယ်ရှိ မြေကွက်ပေါင်း-၅၀ နီးပါး အကွက်ရိုက်ပြီး တစ်ကွက်ကို ငွေကျပ် ၂၅-သိန်းခန့်နဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ရောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ပြည်မြို့နယ် မြေစာရင်းဦးစီးမှူးကို ဆက်သွယ်မေးမြန်းတဲ့အခါ မိမိတို့ဌာနနဲ့ ဆက်ဆိုင်မှုမရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)