မန္တလေးတိုင်းဒေသကြီးအတွင်းက သိမ်းဆည်ခံလယ်ယာမြေတွေ ဖြေရှင်းပေးဖို့ တောင်သူတွေတောင်းဆို

0
319

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၃ မြို့နယ်က သိမ်းဆည်းခံရတဲ့ လယ်ယာမြေပြဿနာတွေ ဖြေရှင်းနိုင်ဖို့ လယ်သိမ်းခံတောင်သူတွေ တွေ့ဆုံပွဲကို မတ္တရာမြို့မှာ ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို နေမင်းခက သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်က လယ်သိမ်းခံတောင်သူလယ် သမား ၁၅၀၀ ဟာ သူတို့ရဲ့အခက်အခဲတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက အရေးတယူဆောင်ရွက်ပေးခြင်း မရှိတာကြောင့် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တိုင်ကြားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ မြေသိမ်းခံတောင်သူလယ်သမားတွေနဲ့ လယ်သမား၊ အလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက် (FNIFL)နဲ့ ဆွေးနွေးမှုအပြီး အခုလို တိုင်ကြားဖို့ စီစဉ်ခဲ့တာပါ။

ဒီဆွေနွေးပွဲကနေ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တစ်နိုင်လုံးလယ်သမားညီလာခံပြုလုပ်ပြီး အစိုးရကို လယ်သမားတွေရဲ့ အခက်အခဲတွေကို တင်ပြသွားဖို့လည်း ရှိနေတာပါ။ သိမ်းဆည်းခံ လယ်ယာမြေ များ ပြန်လည်ရရှိရေးဆောင်ရွက်ရာမှာ မတ္တရာတစ်မြို့နယ်တည်းမှာပဲ တောင်သူ ၂၀၀ ဦး ငြိမ်းစုစီပုဒ်မ ၁၈ အပါအ၀င် ပုဒ်မ လေးခုနဲ့ ၂၀၁၅ နှစ်ဆန်းက စတင်ကာတရားစွဲဆိုခံခဲ့ရပြီး တရား ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေပြဿနာတွေကို စုပေါင်း ဖြေရှင်းနိုင်ဖို့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၃ မြို့နယ်က တောင်သူတွေ တွေ့ဆုံဆွေးနွေးပွဲကို သက်ဆိုင်ရာလွှတ်တော်ကိုယ် စားလှယ်တွေနဲ့ မတ္တရာမြို့နယ်က ဌာနဆိုင်ရာကတာဝန်ရှိသူတွေကို တက် ရောက်နိုင်ဖို့ ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ခဲ့ခြင်းမရှိခဲ့ဘူးပါဘူးခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)