အီရတ်မှာ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူပေါင်း ၁၆၀ ကျော် သေဆုံး

0
301

အီရတ်နိုင်ငံရဲ့ မြို့တော် ဘဂ္ဂဒက်မှာ ဇူလိုင်လ ၃ ရက် တနင်္ဂနွေနေ့မနက်က ကားဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ ၁၆၇ ဦးသေဆုံးကာ ၁၈၅ ဦး ထိခိုက်ဒဏ်ရာရ၇ှိခဲ့ပါတယ်။

၂၀၀၇ ခုနှစ်ကစလို့ လူသေဆုံးမှုအများဆုံးဖြစ်တဲ့ အဲဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့က ပြောပါတယ်။
ပထမပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသေခံဗုံးခွဲသူက သူ့ကားကို လူထူထပ်တဲ့ ဘဂ္ဂဒက်မြို့လယ်မှာ ဖောက်ခွဲခဲ့တာပါ။

အဲဒီ ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦအများအပြား ပြိုကျခဲ့သလို ကားတွေလည်း အများအပြား ပျက်စီးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ နောက်ထပ် လူထူထပ်တဲ့ ဈေးတစ်ခုဖြစ်တဲ့ Shallal ဈေးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ အခုလို လူရာနဲ့ ချီသေဆုံးခဲ့ရတဲ့ အဲဒီဗုံးပေါက်ကွဲမှုအတွက် အီရတ်မှာ ၀မ်းနည်းခြင်းနေ့အဖြစ် ၃ ရက် ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)