ဆုံးဖြတ်ချက် ပြင်ပေးရန် မက်ဆီအား အ်ာဂျင်တီးနားပရိသတ်တွေ ဆန္ဒပြတောင်းဆို

0
328

ဘာစီလိုနာကစားသမား မက်ဆီ အာဂျင်တီးနားလက်ရွေးစင်အသင်းကစားသမားကနေ အနားယူမယ်လို့ ကြေညာပြီး တစ်ပတ်အကြာမှာပဲ အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော် ဗျူနိုအေရိမြို့မှာ ဒေသခံတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

5616

ဘောလုံးအကျော်အမော် မက်ဆီအနေနဲ့ လက်ရွေးစင်အသင်းမှာ ပြန်လည် ကစားဖို့ တောင်းဆိုခဲ့ကြတာပါ။ မက်ဆီဟာ ချီလီအသင်းနဲ့ကစားတဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲစဉ်မှာ ပင်နယ်တီလွဲချော်ပြီးနောက် သူရဲ့နိုင်ငံလက်ရွေးစင်အသင်းကစားသမားဘ၀ကနေ အနားယူတော့မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

သူ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် အာဂျင်တီးနား ဘောလုံးပရိသတ်တွေကြား ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက် ပြောင်းလဲဖို့အတွက် အခုလို ဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)