မြို့နယ် ရဲစခန်းများရှိ ခြောက်လုံးပြူး သေနတ်တွေအစား ပစ္စတိုသေနတ်များ လဲလှယ်ပေးမယ်

0
272

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်နေတဲ့ ခြောက်လုံးပြူးသေနတ်အစား ပစ္စတိုတွေနဲ့ လဲလှယ်ပေးသွားမယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

13342902_1035025929920591_5775558774882628862_n

 

အသုံးပြုချိန်ကြာမြင့်လှပြီဖြစ်တဲ့ ခြောက်လုံးပြူးသေနတ်အစား တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံထုတ် ပစ္စတိုများနဲ့ လှဲပေးသွားမှာဖြစ်ပါတယ်။

“လဲပေးမယ်တော့ သတင်းကြားထားတယ်။ ဒါပေမယ့် တရားဝင်အမိန့်မထွက်သေးသလို ကျွန်တော့်ဆီကိုလည်း လဲလှယ်ပေးတာ မရှိသေးဘူးလို့” အလုံမြို့နယ်က မြို့နယ်မှူး ရဲမှူးထွန်းရွှေက MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီလိုလဲလှယ်ပေးဖို့အစီအစဉ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက စီစဉ်နေတာဖြစ်ပြီး အခုအချိန်ထိ လဲလှယ်ခြင်းမပြုရသေးတာလို့ ဒုရဲအုပ်တစ်ဦးက ပြောပါတယ်။

လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်က အရာရှိတစ်ဦးက အရင်က စီစဉ်ထားပေမယ့် အခုအချိန်မှာ လဲလှယ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈ အရ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ရဲ့ကွပ်ကဲမှုအောက်မှာရှိရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မိခင်ဝန်ကြီးဌာနဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)