မြန်မာနဲ့စင်ကာပူ ပွဲအပြီး သုဝဏ္ဏကွင်းရှိ ပွဲကြည့်ထိုင်ခုံများ ပျက်စီး

0
302

AYA Bank Cup 2016 အဖြစ် ဇွန်လ ၃ ရက်နေ့က သုဝဏ္ဏကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာနဲ့ စင်ကာပူပွဲစဉ်အပြီး ပွဲကြည့်ထိုင်ခုံ ၈၀ ခန့် ကျိုးကြေပျက်စီးခဲ့ပါတယ်။

13315778_517202711799238_4613735915324087524_n

13315780_517202735132569_7129604754416203457_n

13335746_517202705132572_5384507918392610728_n

ဒီလိုပျက်စီးခဲ့တာဟာ ဆိုးသွမ်းပရိသတ်အချို့က ဖျက်ဆီးခဲ့တာဖြစ်ပြီး အဲဒီထိုင်ခုံတွေကို ဒီနေ့မှာကစားမယ့် မြန်မာအမျိုးသမီးနဲ့ တောင်ကိုရီးယားအမျိုးသမီးတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲ မတိုင်ခင် ပြန်လည်အစားထိုးတပ်ဆင်သွားမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ မနေ့က AYA Bank Cup 2016 ပြိုင်ပွဲမှာ ပွဲဦးထွက်ပွဲစဉ်အဖြစ် စင်ကာပူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး စင်ကာပူအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ စင်ကာပူအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၃၄ မိနစ်မှာ ဖာရစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ရှုံးနိမ့်ခဲ့တာကြောင့် မြန်မာအသင်းဟာ ဟောင်ကောင်းအသင်းနဲ့ ဇွန်လ ၆ ရက်နေ့မှာ တတိယနေရာလုပွဲ ကစားရတော့မှာဖြစ်ပါတယ်။

 

Photo: U Than Win

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)