၂၀ ရာစုရဲ့ အကောင်းဆုံး အားကစားသမား တစ်ဦးဖြစ်သူ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မိုဟာမက်အလီ ကွယ်လွန်

0
373

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မိုဟာမက်အလီဟာ ဇွန်လ ၃ ရက် အမေရိကန် ဖီးနစ်မြို့မှာရှိတဲ့ ဆေးရုံမှာ သေဆုံးသွားပြီလို့ သူ့မိသားစုဝင်တွေက ပြောဆိုလိုက်ပါတယ်။

141013163702-01-muhammad-ali-restricted-exlarge-169

the-trials-of-muhammad-ali-1000x679

အလီဟာ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး လက်ဝှေ့ကစားသမား တစ်ယောက်ဖြစ်ပြီးတော့ ဒီအပတ်ထဲမှာ အသက်ရှူကြပ်လာတာကြောင့် ဆေးရုံတင်လိုက်ရပါတယ်။သူဟာ လေဖြတ်ရောဂါက ၃ နှစ်ကျော် ခံစားနေရတာ ဖြစ်ပြီးတော့ ဒီနှစ်တွေထဲမှာပဲ အခြေအနေပိုဆိုးလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက အာရီဆိုးနားမှာ ကျင်းပတဲ့ Celebrity Fight Night ပွဲကို တက်ရောက်ခဲ့ပြီးတော့ မိုဟာမတ်အလီ ပါကီဆန် ဌာန အတွက် အလှူငွေ လှူဒါန်းခဲ့ပါတယ်။

လက်ဝှေ့လောကမှာ အလီကို ခြေထောက်ကို လျင်မြန်စွာရွေ့လျားတတ်ပြီးတော့ လက်သီးကို မြန်မြန် ဆန်ဆန်ကစားနိုင်တာက သူ့ရဲ့ အရည်အချင်းဖြစ်တယ်လို့ လူသိများကြပါတယ်။

သူဟာ ဟဲဗီးဝိတ်လက်ဝှေ့သမား စာရင်းမှာ ၃ကြိမ် ၀င်ခဲ့ပြီးတော့ အားကစားလောကမှာတော့ သူ့နာမည်က ၂၀ ရာစုရဲ့ထိပ်ဆုံးနေရာမှာ ရှိနေသူလည်း ဖြစ်ပါတယ်။ လက်ဝှေ့လောကကနေ ၁၉၈၁ ခုနှစ်က အနားယူပြီး ၃ နှစ်လောက်မှာ သူ့မှာ ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။

အလီဟာ လက်ဝှေ့ပွဲပေါင်း ၉၈ ပွဲထိုးသတ်ခဲ့ပြီး ၅၆ ပွဲ အနိုင်ရကာ ၃၇ ပွဲအလဲထိုးနဲ့ ၅ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)